Header Image

All Rights Reserved. Primary Colours, 2009

စကားလုံးမရှိတဲ့ ကောင်းကင်


လောကကြီးနဲ့ လုံးဝအဆင်မပြေတဲ့ ဂျွန် တစ်ရက် (ခါတိုင်းထက်ကို ပိုမပြေတာပေါ့.. အဟတ်)
နောက်ကျိနေတဲ့ စိတ်တွေ ကျောပိုးအိတ်တစ်လုံးအပြည့်နဲ့ အိမ်အပြန်..
ထူးထူးဆန်းဆန်း တိမ်တွေ လုံးဝကင်းစင်နေတဲ့ ကောင်းကင်ပြာပြာကိုတွေ့တော့
ကြည်လင်နေတဲ့ အနေအထားကို အရမ်းအားကျသွားလို့
အိမ်ရောက်တာနဲ့ ကင်မရာပြေးဆွဲပြီး ဓာတ်ပုံရိုက်မိတယ်

သိပ်မကြာပါဘူး
စားဖို့သောက်ဖို့ပြင်ပြီး ပြန်ကြည့်မိတော့ ကောင်းကင်က တိမ်တွေနဲ့ ပြည့်နေပြန်ရော

.
.

ကိုယ့်ကိုယ်ကို အချဉ်ပေါက်နေတဲ့ အဲ့ရက်ပိုင်းမှာ မရိုးနိုင်စွာ နားထောင်မိတဲ့ သီချင်းကို အသံကုန်အော်ပေးနေရတဲ့ ကွန်ပျူတာလေးကတော့ အသက်ကျန်တယ်ဆိုယုံ...
နောက် .. ငါးရက်မြောက်နေ့မှာ ဖျားပြီး ခေါင်းမထောင်နိုင်တော့မှ သီချင်းလေးလဲ အနားရသွားတယ်

Labels: , ,

9 Comments:

Anonymous နေဒေးသစ် said...

ထူးအိမ်သင် သီချင်းခေါင်းစဉ်လေးနဲ့ ရိုးစင်းတဲ့ အရေးအသား ....
ညံ့စက်တဲ့ ကောင်းကင်အောက်က ရှင်းသန့်တဲ့ အတွေးတချို့ နဲ့ ဖြစ်တည်ခဲ့တဲ့ လက်ရာ ....
သူတို့ အားလုံးပေါင်းတော့ အတောက်ပဆုံး ဖန်တီးမှုတစ်ခု ဖြစ်ခဲ့တယ် ....
နေဒေးသစ်။

4:59 AM, July 06, 2009  
Blogger khin oo may said...

ကောင်းကင်ကလည်းစိတ်မမှန်ဘူး။

6:10 AM, July 06, 2009  
Anonymous အပြုံးပန်း said...

ဒီတခါ ရေးချက်တွေက အပြင်းစားပဲ မေရေ။

7:31 AM, July 06, 2009  
Blogger PAUK said...

လူ့စိတ်နဲ့ ကောင်းကင်စိတ်တူတူပဲ..
အခုတစ်မျိုး...တော်ကြာတစ်မျိုးး

8:03 AM, July 06, 2009  
Anonymous Anonymous said...

“စကားလုံးမရှိ” အဲဒါ ကိုယ့်၇ဲ့ အချိန်တော်တော်များများဘ...ဲ

(ခ၇ီးသွားဖြစ်လား မေ…footprint အသစ်ကပုံတွေ မျှော်နေမယ်လေ…ခ၇ီးလမ်းသာယာပါစေ…)

ဆု

11:45 AM, July 06, 2009  
Blogger မေဇင် said...

ကောင်းကင်ကြီး ပြာနေရင် သဘောကျတယ်..။ ဒါပေမယ့် တစ်ခါမှ ဓာတ်ပုံလေး ရိုက်ထားလိုက်မယ်လို့ စိတ်မကူးဖူးဘူး..း)။ မမက တော်တယ်နော်။ ကောင်းကင်ကြီးလဲ အမြဲ မပြာသလို ၊ ဘယ်အရာကမှ အမြဲ မရှိဘူးနော်...း)

1:15 PM, July 06, 2009  
Blogger ငှက်ကလေး said...

မမမေ ဖျားပြီး ခေါင်းမထောင်နိုင်ဘူးဆို အခုကော နေကောင်းသွားပြီလားဟင်

ချစ်တဲ့ ညီမငယ်
ငှက်ကလေး

2:06 PM, July 06, 2009  
Blogger Mae said...

နေဒေး - comment က post ထက် လှနေပါတယ်ကွယ်၊ အဲ့ကြောင့် မမ ဆို ပို့စ်တောင် ဖတ်ရဲ့လားမသိ

မမ နဲ့ ပေါက် - ဟုတ်တယ်၊ အထူးသဖြင့် ဒီနိုင်ငံမှာပေါ့

မအပြုံးပန်း - ပျော်ပျော်နေသေခဲ တဲ့၊ တခါတလေကျတော့ အသက်သိပ်မရှည်ချင်လို့ မအပြုံးပန်းရေ.. :P

ဆု - သွားဖြစ်တယ်၊း) ကျေးဇူးနော်၊ ကိုဘဆီမှာ သွားပြီး စကားပြောပါ၊ စကာလုံးရှိလာလိမ့်မယ်း)

မေဇင် -း) ဒီမှာက တခါတလေမှ ဒီလိုပြာတာ မေဇင်ရေ

ငှက်မလေး - ဖျားတာ အရင်လကပါ၊ မမက ပြီးသွားမှ ဒီပို့စ်တင်တာ.. :P ညစ်နေတဲ့ အချိန် မတင်ချင်ဘူးလေ

5:28 PM, July 06, 2009  
Blogger ဖိုးစိန် said...

မမ မေရေ...

စကားလုံးမရှိတဲ့ ကောင်းကင် ကို ဝအောင်ဆိုပြီးသွားရင်တော့


နာရီပေါ်က မျက်ရည်စက်များကို ဆက်ဆိုပေါ့...း)

ကောင်းကင်ကို တိမ်ဖုံးသွားတယ်ဆိုတာ လေကြောင့် လဲဖြစ်နိုင်တယ်...

တခြားကြောင့်လဲဖြစ်နိုင်တယ်

သိဖူး
ခံစားသွားတယ်

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

6:40 AM, July 07, 2009  

Post a Comment

<< Home

Related Posts Widget for Blogs by LinkWithin